Duwun Talks : Entrepreneurship in Tourism Industry

အရှိန်အဟုန်နဲ့ဖွံ့ဖြိုးလာနေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းမှာ စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် ဝင်ရောက်ဖို့ စိတ်ကူးအိပ်မက် ရှိနေပါသလား ???
Duwun ကစီစဉ်ကျင်းပမယ့် ခရီးသွားလုပ်ငန်းနှင့်စွန့်ဦးတီထွင်ခြင်း စကားဝိုင်းဆွေးနွေးပွဲကို လာခဲ့လိုက်ပါ။

သင်ကခရီးသွားရတာကို ဝါသနာပါပြီး၊ ကိုယ်တိုင် ခရီးသွားလုပ်ငန်းတစ်ခုတည်ထောင်လုပ်ကိုင်ဖို့

စိတ်ကူးအိပ်မက်တွေရှိ နေတယ်ဆိုရင် အခုအချိန်ဟာ စတင်ဖို့အတွက်အကောင်းဆုံးအချိန်အခါပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘက်နှစ်ပိုင်းတွေထဲမှာ မြန်မာ့ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးလာနေလို့ပါ။
ဒီလိုမြန်မာ့ခရီးသွားလုပ်ငန်းမှာ စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့စိတ်ကူးရှိနေသူတွေ၊ ဒါမှမဟုတ် လက်ရှိလုပ်ကိုင်နေသူတွေအတွက် အကျိုးရှိမယ့် ခရီးသွားလုပ်ငန်းနှင့်စွန့်ဦးတီထွင်ခြင်း စကားဝိုင်းဆွေးနွေးပွဲ ကို ဒီလ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံးအွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Duwun ကနေစီစဉ်ကျင်းပသွားဖို့ရှိနေကြောင်း သတင်းကောင်းပါးချင် ပါတယ်။
ဖေဖော်ဝါရီလရဲ့ Duwun Talk အဖြစ်ကျင်းပသွားမယ့် အဲဒီစကားဝိုင်းဆွေးနွေးပွဲမှာဆိုရင် လက်ရှိခရီးသွားလုပ်ငန်းမှာ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်နေတဲ့ အတွေ့အကြုံရင့် လုပ်ငန်းရှင်တွေ၊ ခရီးသွားဝန်ကြီးဌာနမှတာဝန်ရှိသူလူကြီးမင်း၊ Travel Blogger တွေကသူတို့ရဲ့အတွေ့အကြုံ တွေကို ဝေမျှပေးသွားမှာဖြစ်ပြီး သိလိုတာတွေကိုလည်းမေးမြန်းခွင့်ရမှာပါ။
ခရီးသွားလုပ်ငန်းနှင့်စွန့်ဦးတီထွင်ခြင်း စကားဝိုင်းဆွေးနွေးပွဲမှာ အတွေ့အကြုံတွေ ဝေမျှဆွေးနွေးပေးသွားမယ့် Speaker တွေကတော့ -
ခရီးသွားဝန်ကြီးဌာနမှတာဝန်ရှိသူလူကြီးမင်းဖြစ်သည့်ဦးနန္ဒစိုးမြင့်(လက်ထောက်ညွန်ကြားရေးမှုး၊မြန်မာ့ခရီးသွားမြှင့်တင်ရေးဌာန၊ ခရီးသွားဝန်ကြီးဌာန)ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းမှာ ၈ နှစ်ကျော်အတွေ့အကြုံရှိပြီး ဘန်ကောက်၊စင်္ကာပူ၊ဗီယက်နမ်၊ ဂျပန်နိုင်ငံတွေမှာ တာဝန်ခံမန်နေဂျာ တွေထားရှိကာ ပြည်ပခရီးစဉ်တွေ အဓိကထားဝန်ဆောင်မှုပေးနေတဲ့ Beautiful Memories Travel & Tour ကုမ္ပဏီရဲ့ ဒါရိုက်တာ မအိမွန်ကျော်
မြန်မာနိုင်ငံရဲ့ ပထမဆုံးခြေလျင်တောင်တက်ခရီးသွားတစ်ဦးဖြစ်ကာ ကိုယ်တိုင်ပြည်တွင်း၊ပြည်ပ ခရီးတွေစွန့်စားသွား လာပြီး ခရီးသွားအတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးနေတဲ့ Travel Blogger တစ်ဦးလည်းဖြစ်၊ Myanmar International Radio ရဲ့ MI Backpack အစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့အပြင် Marketing အတွေ့အကြုံ ၈ နှစ်ကျော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံရှိသူလည်းဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်
စွယ်စုံမီဒီယာ Group ရဲ့ ဒါရိုက်တာ၊ The Chic Magazine နဲ့ My Journey Magazine ရဲ့ အယ်ဒီတာချုပ်၊ Good Health ဂျာနယ်ရဲ့ အယ်ဒီတာအဖြစ်လုပ်ကိုင်နေပြီး ကျန်းမာရေး၊ဖက်ရှင်၊ Lifestyle နဲ့ ခရီးသွားဆောင်ပါးပေါင်း အပုဒ်ရေ ၅၀၀ ကျော် ပုံနှိပ်ဖော်ပြခံထားရကာ ၂၀၁၁ ခုနှစ်တုန်းက ဂျင်းဆင်းမြေရောက်ခရီးသွားတစ်ယောက် ကိုယ်တွေ့ခရီးသွား ဆောင်းပါးပေါင်းချုပ် စာအုပ်ကိုထုတ်ဝေထားသူလည်းဖြစ်၊ မြန်မာနိုင်ငံဆရာဝန်အသင်း စာရေးဆရာဆရာဝန်အဖွဲ့တွင် အတွင်းရေးမှူး၊ မြန်မာနိုင်ငံအလှကုန်လုပ်ငန်းရှင်များအသင်းတွင် အထူးအကြံပေးအဖြစ်ဆောင်ရွက်လျက်ရှိသူလည်းဖြစ် တဲ့ ဒေါက်တာနုမြတ်သိင်္ဂီဦး
လက်ရှိတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) ရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ်တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး UMTA သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးအထွေထွေအတွင်းရေးမှူးအဖြစ်သတ်မှတ်ခံထား ရသူလည်းဖြစ်၊ Shwe Tip Planner & Ticketing Consultancy ကုမ္ပဏီကို ၂၀၁၂ ခုနှစ်မှာစတင်တည်ထောင်ကာ လုပ်ကိုင်နေတဲ့ အောင်မြင်တဲ့ စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်သင်းသင်းအောင်
တို့ပဲဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းနှင့်စွန့်ဦးတီထွင်ခြင်း ခေါင်းစဉ်နဲ့ကျင်းပသွားမယ့် Duwun Talk စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ၊ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်၊ တနင်္ဂနွေနေ့မှာ ညနေ ၃ နာရီခွဲကနေ ၅ နာရီခွဲအထိ ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်မှာကျင်းပသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

▼ Show More Information

No 33, Alan Pya Phaya Road, Dagon Township, 11191
Yangon
25 February , Sunday 15:30

More Events Nearby

 01 October , Monday
 Junction City, Yangon
 21 October , Sunday
 The Tea Factory, Yangon